ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား United Nations Development Programme - UNDP မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (နေပြည်တော်၊ ၂၈-၈-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် United Nations Development Programme - UNDP မှ Country Director ဖြစ်သူ Mr. Toily Kurbanov ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၂၈-၈-၂၀၁၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် မှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ် သက်၍ ပုံမှန်ဆွေးနွေးညှိနှိုင်းသွားနိုင်ရေး၊ UNDP မှ ဆောင်ရွက်နေသည့် Country Programme in Myanmar (2013-2015) တွင် ပါဝင်သည့် လုပ်ငန်းစဉ်များနှင့် Country Programme ကို ၂၀၁၇ ခုနှစ်အထိ နှစ်နှစ် တိုးချဲ့ဆောင်ရွက်သွားရေး၊ Global Environment Facility - GEF ရန်ပုံငွေ အထောက်အပံ့ဖြင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စတို့နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်လည်ထူထောင်ရေး၊ သဘာဝနယ်မြေများ စီမံ အုပ်ချုပ်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း (REDD+) Roadmap ရေးဆွဲ အကောင်အထည်ဖော်ရေး၊ ရာသီဉတုပြောင်းလဲမှုကြောင့် အပူပိုင်းဒေသအတွင်း ကြုံတွေ့နေရသည့် ရေသယံဇာတ အရင်း အမြစ်နှင့် စားနပ်ရိက္ခာ အခက်အခဲများဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်လျက်ရှိကြောင်း သိရသည်။