ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး နေပြည်တော် စာမေးပွဲဖြေဆိုရန် အသိပေးကြေညာခြင်း

၁။                ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၂၄)ရက်စွဲပါ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများ မှခေါ်ယူ ထားသည့်သစ်တောဦးစီးဌာနတွင်လစ်လပ်လျှက်ရှိသော တောအုပ်ကြီး(လစာနှုန်းကျပ် ၉၉၀၀၀-၁၀၀၀-၁၀၄၀၀၀)ရာထူး(၂၇)နေရာအတွက် လျှောက်လွှာတင်ထားသောပုဂ္ဂိုလ်များကို   သစ်တောတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအတိုင်း ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါ သည်-

     စဉ်

ဘာသာရပ်

ဖြေဆိုရမည့်ရက်

အချိန်

(က)

မြန်မာစာ

၁၅.၁၁.၂၀၁၄  (စနေနေ့)

၀၉:၀၀နာရီ မှ ၁၁:၀၀နာရီအထိ

(ခ)

အင်္ဂလိပ်စာ

၁၅.၁၁.၂၀၁၄ (စနေနေ့)

၁၃:၀၀နာရီ မှ ၁၅:၀၀နာရီအထိ

(ဂ)

အထွေထွေဗဟုသုတ

၁၆.၁၁.၂၀၁၄(တနင်္ဂနွေနေ့)

၀၉:၀၀နာရီ မှ ၁၁:၀၀နာရီအထိ

၂။      စာမေးပွဲဖြေဆိုရန်အတွက် မိမိတို့တစ်ဦးချင်း ထိုင်ခုံနံပါတ်များကို သစ်တောတက္ကသိုလ်၊ ရေဆင်းတွင်ကြိုတင်ကြော်ငြာပေးထားမည်ဖြစ်ပါသည်။လူတွေ့ဖြေဆိုရမည့် ရက်စွဲ၊အချိန်၊နေရာ တို့အား ဆက်လက်ထုတ်ပြန်ကြော်ငြာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။      စာမေးပွဲဖြေဆိုရန်လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့(စနေနေ့)နံနက်(၈:၃၀)နာရီအရောက် ဖြေဆိုရန်နေရာသို့ နိုင်ငံသားစိစစ်ရေး ကဒ်ပြား မူရင်း နှင့်အတူ လာရောက်သတင်းပေးပို့ရန်နှင့် စတင်စစ်ဆေး မည့်သတ်မှတ်ချိန်ထက် နောက်ကျ၍ စာမေးပွဲခန်းမအတွင်းသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်များအား စာမေးပွဲဖြေဆို ခွင့်ပြုမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

                                                                                      သစ်တောဦးစီးဌာန