သစ်တောသုတေသနစာတမ်းဖတ်ပွဲ ကျင်းပမည်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် သစ်တော သုတေသနစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ စတင် ၍ နေပြည်တော် ရုံးအမှတ် (၃၉)ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ ၌ ကျင်းပမည်ဖြစ်ပြီး သုတေသနစာတမ်း ၁၆ စောင် ဖတ်ကြားဆွေးနွေးမည် ဖြစ်သည်။ အဆိုပါ စာတမ်းဖတ်ပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင် ကြောင်းနှင့် အသေး စိတ်သိရှိလိုပါက ဒေါက်တာရိုစီနေဝင်း၊ ဦးစီးအရာရှိ၊ သစ်တောသုတေသနဌာန၊ ရေဆင်း ဖုန်း ၀၉-၄၃၀၄၆၇၅၀နှင့် ဦးအေးချမ်းမောင်၊ တောအုပ်ကြီး၊ သစ်တောသုတေသနဌာန၊ ရေဆင်း ဖုန်း ၀၆၇-၄၁၆၅၂၃ သို့ ဆက်သွယ် စုံစမ်းနိုင်ပါ ကြောင်း သိရှိရသည်။