အမျိုးသားမြေယာစီမံခန့်ခွဲမှုမူဝါဒ (မူကြမ်း) ချမှတ်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ ဒေသအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်

နေပြည်တော်၊ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာဝန်ကြီးဌာနသည် အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲမှုဗဟိုကော်မတီ ကိုယ်စား အမျိုးသားမြေယာစီမံခန့်ခွဲမှု မူဝါဒ (မူကြမ်း) ကို တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမူဝါဒမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးထုတ်ပြန်သည့် မြေယာမူဝါဒပင်ဖြစ်ပါသည်။ ပထမဦးဆုံးအကြိမ် အဖြစ် ပြည်နယ် နှင့် တိုင်းဒေသကြီး (၁၄) ခုတို့တွင် (၁၇-၁၁-၂ဝ၁၄) ရက်နေ့တွင် နေပြည်တော်မှစတင်၍ အဆိုပါမူဝါဒနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲပေါင်း (၁၇) ခု ကျင်းပသွား မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ အကြံပြုချက်များ ပေးပို့နိုင်ပါသည်။ မြန်မာအစိုးရသည် ၂ဝ၁၂ ခုနှစ်ဆန်းပိုင်းမှစ၍ သက်ဆိုင်ရာများ၏ အကြံပြုချက်များကို ရယူပြီး အမျိုးသားမြေယာစီမံခန့်ခွဲမှုမူဝါဒကို ရေးဆွဲခဲ့ပါသည်။ မြေယာပိုင်ဆိုင်ခွင့် နှင့် အသုံးပြုခွင့်တို့နှင့် စပ်လျဥ်း၍ ဆွေးနွေးချက်မှ ရရှိခဲ့သည့် တွေ့ရှိချက်များကို မူဝါဒမူကြမ်းထဲတွင် ထည့်သွင်း ခဲ့ပါသည်။ ထို့ပြင် အစိုးရမဟုတ်သည့် (ပြည်တွင်း/ပြည်ပ) ပညာရှင်များ၏ အကြံပေးချက်များ၊ ပညာရပ်ပိုင်း ဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင်များ၊ INGO နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ မြေယာအသုံးချမှုအပေါ် အသေးစိတ် သုတေသန ပြုလုပ်ထားချက်များ၊ သတင်းမီဒီယာများမှ အချက်အလက်များ၊ လွတ်တော် ၏ မြေရာအသုံးချမှု နှင့်သက်ဆိုင်သည့် ကော်မတီနှင့် ကော်မရှင်များတို့မှ အမျိုးသားမြေယာ စီမံခန့်ခွဲမှုမူဝါဒ ရေးဆွဲနိုင်ရန် အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။ သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၏ ပြောကြားချက်အရ အဆိုပါ မူဝါဒ မူကြမ်းသည် မြန်မာနိုင်ငံတွင်းရှိ မြေယာပိုင်ဆိုင်မှများတို့အပေါ် ဆင်းရဲနွမ်းပါးသူများ၊ တိုင်းရင်းသားများ နှင့် အမျိုးသမီးတို့ကို ရည်ရွယ်ပါသည်။ အဆိုပါမူဝါဒသည် မြေယာအုပ်ချုပ်မှုစနစ် ရေရှည်စဥ်ဆက်မပြတ် ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ် ဖြစ်ပေါ်လာစေရန် နှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ကူညီရန် ဖြစ်ပါသည််။မူဝါဒများထဲတွင် တိုင်းရင်းသား မြေယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ဖော်ပြထားပါသည်။ ဆွေးနွေးမှုများမှ ရရှိသော အကြံပြုချက်များကို ကဏအလိုက်ခွဲခြားပြီး သက်ဆိုင်သူ များအလိုက် ပေးအပ်သည့် အကြံများအဖြစ် ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်မှု များအား ဒီဇင်ဘာကုန်အထိ ဆောင်ရွက်ပြီးနောက် ဘာသာရပ်ပိုင်း ကျွမ်းကျင်သူ အစည်းအဝေး တစ်ရပ်ကို ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်တွင်း ပြည်ပမှ ပညာရှင် များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်မည် ဖြစ်ပါသည်။ထို့နောက် နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား နောက်ဆုံးကျင်းပသွားပြီး သက်ဆိုင်သူများ၏ အကြံများကို ထည့်သွင်းစဥ်းစားသွားမည် ဖြစ်ပါသည်။ ထို့နောက် တွေ့ရှိချက် များ နှင့် မူဝါဒများကို ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်ပြန်သွားမည်် ဖြစ်ပါသည်။ သက်ဆိုင်ရာ အစည်းအဝေး သို့မဟုတ် ပြည်သူများထဲမှ တာဝန်ယူခွဲစိတ်မှုများ လုပ်ဆောင်သွားရန် နှင့် သစ်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံးမှ တဆင့် ငှားရမ်းနိုင်မည် ဖြစ်ပါသည်။  အသေးစိတ်သိလိုပါက ဦးတင်မောင်သန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဖုန်း၊ ဝ၆၇-၄ဝ၅ ၄၂၈ မူဝါဒ (မူကြမ်း) အား အောက်ပါလင့်ခ်တွင် ရယူနိုင်ပါသည်။ http://www.fdmoecaf. gov.mm လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများ အနေဖြင့် မူဝါဒ (မူကြမ်း) ကို အကြံပြုလိုပါက ဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်မီ [email protected] သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။ သို့မဟုတ် သစ်တောဦးစီးဌာန၊ ရုံးအမှတ် (၃၉) နေပြည်တော်သို့ လည်း ပေးပို့နိုင်ပါသည်။