အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)အပေါ်အကြံပြုဆွေးနွေးပွဲကျင်းပခြင်း၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁

ဘားအံမြို့၊ ကရင်ပြည်နယ်

အမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း)အပေါ် ပြည်သူလူထု၏ သဘောထားနှင့် အကြံပြု ချက်များရယူရန် ယခုရက်သတ္တပတ်တွင် တစ်နိုင်ငံလုံး၌ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိပါ သည်။ အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေး ဗဟိုကော်မတီကိုယ်စား ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရေးဆွဲထားသည့် အမျိုး သားမြေအသုံးချမှုမူဝါဒ(မူကြမ်း) အပေါ်အကြံပြုဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို ဘားအံမြို့၊ ဇွဲကပင်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများနှင့် သတင်းမီဒီယာများမှ ကိုယ်စားလှယ် များအပါအဝင် စုစုပေါင်း(၂၀၀) ဦးတက်ရောက်ခဲ့ပြီး အပြန်အလှန် အကြံပြု ဆွေးနွေးခဲ့ကြ ပါသည်။
ဟမြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော မြေယာပြဿနာရပ်များကို ဒီမိုကရေစီ နည်းလမ်း ကျကျဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် မြေယာပိုင်ဆိုင်မှုများကို အာမခံချက်ပေးနိုင်ရန် ရည် ရွယ်၍ မြေအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း)ကို ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသား မြေအသုံးချမှုမူဝါဒ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် ဥပဒေကြောင်းအရ ညီညွတ်မျှတမှုရှိစေရန် ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ မြေယာဥပဒေများအပေါ် လွှမ်းခြုံသက်ရောက်မှုရှိသော အမျိုးသား မြေယာဥပဒေ (comprehensive umbrella land law) တစ်ရပ် ပေါ်ပေါက်လာစေရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရှိ မြေအသုံးချမှုအပေါ် စီမံခန့်ခွဲခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော်လည်း အမျိုးသား မြေအသုံးချမှုမူဝါဒ (မူ ကြမ်း) ကို ရေးဆွဲ အတည်ပြုနိုင်ပါက ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား အမျိုးသား မြေအသုံးချမှု မူဝါဒ(မူကြမ်း) အပေါ် ရှင်းလင်းတင်ပြပြီးနောက် အပြန်အလှန် အကြံပြုဆွေးနွေးခြင်းများကို တစ်ဆက်စပ်တည်း ဆက်လက်ပြုလုပ်ခဲ့ပါသည်။ အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း) ပါ အကြောင်းအရာများကို အချိန်ယူ ဖတ်ရှုသုံးသပ်ပြီးနောက် အကြံပြုဆွေးနွေးနိုင်ရန်အတွက် ကရင်ပြည်နယ်တွင်လည်း ဒေသခံပြည်သူများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများကို ထပ်မံကျင်းပပြုလုပ်ပေးသင့်ကြောင်း နှင့် အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း) ဆွေးနွေးပွဲများတွင် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များမှ ကိုယ်စားလှယ်များ ၊ လူမှုအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သင့် ကြောင်း တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။
အမျိုးသား မြေအသုံးချမှုမူဝါဒ(မူကြမ်း)အပေါ် အကြံပြုဆွေးနွေးပွဲများမှ ရရှိလာသည့် အကြံပြုချက်များကို ကဏ္ဍအလိုက်ခွဲခြားပြီး မူဝါဒမူကြမ်းရေးဆွဲ အတည်ပြုရာတွင် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။ ရေးဆွဲထားသည့် မြေအသုံးချမှု (မူကြမ်း)အပေါ် ပြန်လည်ပြုစု ဆန်းစစ်ခြင်းနှင့် ဖြည့်စွက်ခြင်းများပြုလုပ်၍ ပြည်တွင်း၊ ပြည်ပနည်းပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ နောက်ဆုံးထွက်ပေါ်လာသည့် ရလဒ်များကို အခြေခံ ကာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အမျိုး သား မြေအသုံးချမှုမူဝါဒ(မူကြမ်း)ကို အပြီးသတ်ပြင်ဆင်၍ ၂၀၁၅ ခုနှစ်တွင် ပြည်သူလူထု သို့ အသိပေးချပြသွားမည်ဖြစ်ပါသည်။
အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း) အပေါ် အကြံပြုဆွေးနွေးပွဲများကို မူဝါဒ (မူကြမ်း) အား ပြည့်စုံစွာ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်၊ အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း) အပေါ် ပြည်သူလူထု၏သဘောထားများကို သိရှိနိုင်ရန်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်တွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်မှုများကို ပြည်သူလူထုက သိရှိနားလည်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အမျိုးသား မြေအသုံးချ မှုမူဝါဒ(မူကြမ်း)အပေါ် ပြည်သူလူထု၏ သဘောထား အကြံပြုချက်များရယူနိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လာမည့်ရက် သတ္တပတ်အတွင်း ဆွေးနွေးပွဲများ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ရေးဆွဲပြုစုထားသည့် အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း) နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဦးတင်မောင်သန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ဖုန်းနံပါတ်-၀၆၇-၄၀၅၄၂၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း) အား www.fdmoecaf.gov.mm တွင် ဝင်ရောက် လေ့လာနိုင်ပြီး အကြံပြုချက်များ ပေးပို့လိုပါက [email protected] သို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်မီ email ဖြင့်လည်းကောင်း၊ ရုံးအမှတ် (၃၉)၊ သစ်တောဦးစီးဌာန၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း အကြံပြုချက်များ ပေးပို့နိုင်ပါသည်။