ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား World Bank မှ Senior Infrastructure Specialist and Task Team Leader Ms. Henrike Brecht ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ (၁၈-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား World Bank မှ Senior Infrastructure Specialist and Task Team Leader  Ms. Henrike Brecht  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ (၁၈-၁၂-၂၀၁၄)

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား World Bank မှ Senior Infrastructure Specialist and Task Team Leader ဖြစ်သူ Ms. Henrike Brecht ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ၁၈-၁၂-၂၀၁၄ ရက်နေ့၊ မွန်လွဲ ၁၃:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံ ဆွေးနွေးသည်။

            ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာညီညီကျော်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။

            ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေး အန္တရာယ်ကြောင့် ဆုံးရှုံးရမှုများ လျော့ကျရေး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကမ်းရိုးတန်းတစ်လျောက် ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဒီရေတောများ စိုက်ပျိုး တည်ထောင်ရေး၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီရေတော တည်ထောင်မှုအခြေအနေနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ ဒီရေတောများတည်ထောင်ခြင်းနှင့် ငါးပုဇွန်ကန် ဆောက်လုပ်မွေးမြူခြင်းများ ပါဝင်သော aquaforestry system ဖြင့် စမ်းသပ် လုပ်ကိုင်မှုအခြေအနေများ၊ အခြားနိုင်ငံများ၏ အတွေ့အကြုံများ၊ ရေဝေရေလဲဒေသ ထိန်းသိမ်း ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အင်းလေးကန် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပဲခူးမြစ်နှင့် စစ်တောင်းမြစ် တို့မှ ရေအရည်အသွေးတိုင်းတာရေး၊ သုတေသနနှင့်ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ မူဝါဒ၊ လုပ်ငန်းစီမံချက်များ ပေါ်ပေါက်ရေး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ၊ Myanmar Climate Change Alliance Programme အရ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာလွယ်မှုများ ဆန်းစစ်ခြင်း (Vulnerability Assessment) ​ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။