ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား ဩစတြေးလျနိုင်ငံ၊ University of Adelaide မှ Dr. Chen Au Peh နှင့်အဖွဲ့ လာရောက်တွေ့ဆုံ (၁၉-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား ၊ ဩစတြေးလျနိုင်ငံ၊ University of Adelaide မှ Dr. Chen Au Peh နှင့်အဖွဲ့သည် ယနေ့ ၁၉-၁၂-၂၀၁၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ဒုတိယဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူတို့တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် Dr. Chen Au Peh နှင့်အဖွဲ့မှ မြန်မာနိုင်ငံတွင် မြွေဆိပ် ဖြေဆေးအရည်အသွေးနှင့်ပမာဏတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် မြွေကိုက်ခံရသူ အသေ အပျောက်လျော့နည်းစေရေးအတွက် Snakebite Antivenom Project ဆောင်ရွက်ရန် ရည်ရွယ်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတွင် စာရင်းကောက်ယူ ထားရှိသည့် မြွေမျိုးစိတ်များ အခြေအနေ၊ မြန်မာနိုင်ငံ၌ မြွေမျိုးစိတ်များ စာရင်းကောက်ယူ နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။