ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူး(၂၇)နေရာ အတွက်ရေးဖြေစာမေးပွဲအောင်မြင်သူများအားလူတွေ့စစ်ဆေးမည်ဖြစ်ကြောင်း(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်)

၁။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး(လစာနှုန်းကျပ် ၉၉၀၀၀-၁၀၀၀-၁၀၄၀၀၀) ရာထူး(၂၇)နေရာ အတွက်(၁၅.၁၁.၂၀၁၄) ရက်နေ့နှင့် (၁၆.၁၁.၂၀၁၄)ရက်နေ့များတွင် ရေးဖြေစာမေးပွဲ စစ်ဆေးခဲ့ပါ သည်။ ၂။ အဆိုပါရေးဖြေစာမေးပွဲအောင်မြင်သူများအနက် အမှတ်အများအနည်းအလိုက် စိစစ်ရွေးချယ် ၍ အောက်ဖော်ပြပါခုံအမှတ်များအားလူတွေ့စစ်ဆေးမည်ဖြစ်ပါသည်- ခုံအမှတ်များ                               

၁၁ ၁၇ ၁၉ ၂၁ ၂၃ ၂၄ ၃၆ ၃၇ ၄၁
၄၇ ၅၁ ၅၂ ၅၄ ၆၁ ၆၇ ၆၈ ၇၀ ၈၃ ၈၅
၈၇ ၉၂ ၉၇ ၉၈ ၁၀၁ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၁၉
၁၂၀ ၁၂၁ ၁၂၈ ၁၃၂ ၁၃၄ ၁၃၆ ၁၃၇ ၁၄၂ ၁၄၆ ၁၅၄
၁၅၈                  

၃။ လူတွေ့စစ်ဆေးမည့်သူများအား(၂၄.၁.၂၀၁၅)ရက်နေ့နှင့် (၂၅.၁.၂၀၁၅)ရက်နေ့များတွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စီမံခန့်ခွဲရေးဌာနသို့ (၂၃.၁.၂၀၁၅)ရက်နေ့ရုံးချိန်အတွင်း အချိန်မီသတင်းပေးပို့ရမည် ဖြစ်ပါ သည်- (က) နိုင်ငံသားစိစစ်ရေးကဒ်ပြား(မူရင်း) (ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့်ဘွဲ့ရလက်မှတ်(မူရင်း) (ဂ) ဒေသန္တရကျန်းမာရေးအဖွဲ့၏ကျန်းမာကြောင်းဆေးထောက်ခံချက်(မူရင်း) ၄။ လူတွေ့စစ်ဆေးခံရန်လာရောက်သူများသည်အောက်ပါအတိုင်းဝတ်ဆင်လာရမည်- (က) အမျိုးသားများလည်းကတုံးအင်္ကျီအဖြူနှင့်ပုဆိုး (ခ) အမျိုးသမီးများမြန်မာဆန်ဆန်ဝတ်ဆင်လာရမည် ၅။ လူတွေ့စစ်ဆေးမည့်သူများ၏ အမည်စာရင်းအား သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ရုံးအမှတ် - ၃၉ နှင့် သစ်တောတက္ကသိုလ်တို့တွင် ကြော်ငြာသင်ပုန်း၌ ကပ်ထားမည်ဖြစ်ပါသည်။

                                                                                                    သစ်တောဦးစီးဌာန