ဥရောပသမဂ္ဂနှင့်မြန်မာနိုင်ငံတို့အကြား သစ်တောဥပဒေ သက်ရောက်မှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက်သဘောတူညီသည့်အဖွဲ့ဝင်နိုင်ငံ အဖြစ် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက် (၁၉-၁-၂၀၁၅)

ဥရောပသမဂ္ဂနှင့်မြန်မာနိုင်ငံတို့အကြား သစ်တောဥပဒေ သက်ရောက်မှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ကြိုတင်ပြင်ဆင်သည့်အဆင့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် Grand Amara ဟိုတယ်၌ ယနေ့(၁၉-၁-၂၀၁၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းထွန်းတက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်ကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥရောပကော်မရှင် ပတ်ဝန်းကျင်ရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် Mrs. Giuliana Torta မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ရုံး ဥရောပသမဂ္ဂ သစ်တောရေးရာအဖွဲ့(European Forest Institute-EFI)၊ EU FAO FLEGT Programmeနှင့် မိတ်ဖက်အဖွဲ့အစည်းများ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့စည်း များမှကိုယ်စားလှယ်များ၊ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနနှင့်ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် တရားမဝင်သစ်ထုတ်လုပ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကြုံတွေ့နေရပြီး တရားမဝင်သစ်ခိုးထုတ်မှုကြောင့် သစ်တောများနှင့် ဒေသခံတွေကို ဆိုးကျိုးသက်ရောက်သလို သစ်တောပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း ကွယ်ပျောက်ခြင်းနှင့်ဖန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်ခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊ ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့်နိုင်ငံများအကြား ဆန္ဒအလျောက် မိတ်ဖက်အဖြစ်ဆောင်ရွက်ရေး သဘောတူညီချက် (Voluntary Partnership Agreemnet- VPA) ချမှတ်နိုင်ရန် တရားဝင်သစ် ဖြစ်ကြောင်း အာမခံသည့်စနစ် (Timber Legality Assurance System)ကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ခြင်း၊ မှန်ကန်ကြောင်း စစ်ဆေး အတည်ပြုခြင်းနှင့် ထောက်ခံချက်များ ထုတ်ပေးခြင်းတို့တွင် အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့ အစည်းများမှ အကျိုးဆက်စပ်သူအားလုံး ပါဝင်ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ လူမှုစီးပွားရေးဆိုင်ရာ ပြဿနာများနှင့်ဆင်းရဲနွမ်းပါးမှု၊ ငွေကြေးအရင်းအနှီးမပြည့်စုံမှုနှင့်ဈေးကွက် အခွင့်အလမ်းနည်းပါးမှုစသည့် အကြောင်းအရာများသည် တရားမဝင်သစ် ထုတ်လုပ်မှုကို ဖြစ်ပေါ် စေသည့် အကြောင်းအရင်းများဖြစ်ပါကြောင်း၊
၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းပြီး “EU FLEGT Action Plan: Challenges and Opportunities for the forest sector in Myanmar” ကို ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြု တင်ပြ ချက်အရ ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနနှင့်ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဥရောပသမဂ္ဂနှင့်မိတ်ဖက် အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများမှ လည်း သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့်ကုန်သွယ်မှုဆိုင်ရာ သဘောတရားများ၊ ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက်ရေးဆွဲရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ မည်ဖြစ်သဖြင့် တက်ရောက်လာသူများက ကြိုတင်ပြင်ဆင်သည့်အဆင့် လုပ်ငန်းအစီအစဉ်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လိုအပ်မှုအကဲဖြတ်ခြင်း (Need Assessment)နှင့်ပတ် သက်၍ ပါဝင်ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဥရောပကော်မရှင် ပတ်ဝန်းကျင်ရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ Mrs.Giuliana Torta မှ အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နံနက် (၀၉:၂၀)နာရီအချိန်တွင် ရပ်နားကာ (၁၉-၁-၂၀၁၅)ရက်နေ့မှ (၂၀-၁-၂၀၁၅)ရက်နေ့အထိ (၂)ရက် ကြာကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။