ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်းရေးစီမံချက် ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား (၂၁-၁-၂၀၁၅)

မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်းရေးစီမံချက်ရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို Grand Amara ဟိုတယ်၌ ယနေ့(၂၁-၁-၂၀၁၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သားငှက်ထိန်း သိမ်းရေး အဖွဲ့(WCS)မှ တာဝန်ရှိ သူများ၊ Smithsonian တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များ၊ FFI ၊ WWF ၊ International Elephant Foundation (IEF) ၊ Golden Triangle Asian Elephant Foundation ၊ အပြည်ပြည်ဆိုင်ရာ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည် တော်များတက်ရောက် ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာ့တောဆင်ရိုင်း ထိန်းသိမ်းကာ ကွယ်ခြင်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Action Plan ရေး ဆွဲရန် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်စားကျက်နယ်မြေများ ကျဉ်းမြောင်းလာခြင်း နှင့် တရားမဝင်အမဲလိုက်သတ်ဖြတ်မှုများကြောင့် တောဆင်ရိုင်းကောင်ရေ လျော့နည်းလာကြောင်း၊ အရှေ့တောင်အာရှတွင် ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝလှသည့် မြန်မာနိုင်ငံသည် ဆင်ထိန်း သိမ်းရေးလုပ်ငန်းများကို ရှေးမြန်မာမင်းများလက်ထက်ကတည်းက ဆောင်ရွက်ခဲ့ပြီး အိမ်မွေးဆင် နှင့်တောရိုင်းဆင် အများဆုံးကျန်ရှိသေးသည့် နိုင်ငံတစ်ခုလည်းဖြစ်ပါကြောင်း၊ ပထမဆုံး Wildlife Act ကို ၁၈၉၇ ခုနှစ်မှစ၍ ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ ဆင်ကို လုံးဝကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်အဖြစ် သတ်မှတ်ထားခဲ့ကြောင်း၊ မြန်မာ့သစ် တောမူဝါဒတွင်လည်း သဘာဝ နယ်မြေများကို ရေတိုတွင် နိုင်ငံဧရိယာ၏ ၅%ရေရှည်တွင်၁၀% ထိတည်ထောင်သွားရန်ချမှတ်ထား ခဲ့ကြောင်း၊ ယနေ့အချိန်တွင် သဘာဝနယ်မြေ စုစုပေါင်း(၃၉)ခု နိုင်ငံဧရိယာ၏ (၅.၇၅%)ကို တည်ထောင်ခဲ့ပြီး ဖြစ်ကြောင်း၊
နိုင်ငံတကာ ဆင်ထိန်းသိမ်းရေးအဖွဲ့များဖြစ်သည့် Asian Elephant Research and Conservation Centre ၊ IUCN၊ Asian Elephant Specialist Group and Scientific Exploration Society တို့နှင့်ပူးပေါင်း၍ ဆင်စာရင်းကောက်ယူခြင်းကို ၁၉၉၅ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်လည်း (WCS) နှင့် Smithsonian အဖွဲ့တို့နှင့်ပူးပေါင်း၍ ဆင်ထိန်းသိမ်းရေးဘေးမဲ့တောများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆင်များကို ပတ်ဝန်းကျင် မထိခိုက် စေသည့် သစ်ထုတ်နည်းအဖြစ် အသုံးပြုလျက်ရှိပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက အိမ်မွေးဆင် စုစုပေါင်း ၄၆၄၉ ကောင် ရှိကြောင်း၊ ၁၉၇၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆင်ကောင်ရေ(၆၀၀၀)ခန့်အထိ ရှိနိုင် သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာများတွင် ဖော်ပြထားကြောင်း၊ လက်ရှိ မြန်မာ့ တောဆင်ရိုင်းကောင်ရေ (၃၀၀၀)ခန့်ရှိနိုင်သည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်း၊
ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှုများ တိုးတက်များပြားလာ သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှုပေါင်း (၇၂)မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ CITIES အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည် နှင့်အညီ တောဆင်ရိုင်းများတရားမဝင်ဖမ်းဆီးသတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေး(Monitoring On Illegal Killing of Wild Elephant – MIKE ) အစီအစဉ်တွင်လည်း တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်မှန်းချက်များပြည့်မီစေရန် အကောင်းဆုံးကြိုးစား ဆောင်ရွက် လျက်ရှိနေသော်လည်း သိပ္ပံနည်းကျ စနစ်တကျ ဆန်းစစ်လေ့လာခြင်း အစီအစဉ်များတွင် အကန့် အသတ်နှင့်သာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နည်းဗျူဟာ ထိန်းသိမ်းရေးနှင့် အုပ်ချုပ်မှုစီမံချက်များ ချမှတ်နိုင်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ခေတ်မီနည်းပညာ အကူအညီ များ ကိုရယူပြီး ယနေ့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်း စီမံချက်( NBSAP)ပါ သတင်းအချက်အလက်များ၊ တောဆင်ရိုင်းပျံ့နှံ့ကျက်စားမှုအခြေအနေများ တရားဥအပဒေစိုးမိုးရေး လူနှင့်ဆင်ပဋိပက္ခလျော့ချရေး နည်းလမ်းများအစရှိသည်တို့ကို ဆွေးနွေး ကြမည်ဖြစ်ပြီး အနာဂတ် ဆင်ထိန်းသိမ်းရေးအတွက် လက်တွေ့အသုံးချနိုင်မည့် စီမံချက်တစ်ရပ် ထွက်ပေါ်လာမည်ဟု ယုံကြည်မိပါကြောင်း ပြောကြားသွားခဲ့ပါသည်။
ဆွေးနွေးပွဲအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီ:ဌာန သစ်တော ဦးစီးဌာနနှင့်သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့မှ ပူးပေါင်းကျင်းပခဲ့ကြပြီး (၂၁-၁-၁၅)ရက်နေ့ မှ (၂၄-၁-၂၀၁၅)ရက်နေ့ထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။