ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(GIS/ကွန်ပျူတာ)၊ သုတေသနအရာရှိ ရာထူးတိုးစာမေးပွဲ ရေးဖြေ ဖြေဆိုမည့် ဦးစီးအရာရှိများနှင့် သစ်တောသုတေသနဌာနမှ လက်ထောက်သုတေသနအရာရှိများ၏ အမည်စာရင်းနှင့် ခုံအမှတ်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(GIS/ကွန်ပျူတာ)၊ သုတေသနအရာရှိ ရာထူးတိုးရေးဖြေ စာမေးပွဲအား သစ်တောတက္ကသိုလ်၊ ရေဆင်း၌ ၁-၂-၂၀၁၅ ရက်နေ့ (၉:၀၀)နာရီတွင် စစ်ဆေး မည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုမည့် ဦးစီးအရာရှိများ၊ လက်ထောက်သုတေသနအရာရှိများ အနေဖြင့် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စီမံခန့်ခွဲရေးဌာနသို့ ရုံးဖွင့်ချိန်အတွင်း လာရောက်သတင်းပေးပို့ရမည် ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုမည့် ဦးစီးအရာရှိများ၊ လက်ထောက်သုတေသနအရာရှိများ၏ အမည်စာရင်းနှင့် ခုံနံပါတ်များအား အောက်ပါ Link တွင် download ရယူနိုင်ပါသည်။

https://www.dropbox.com/s/q7tgk18p5y0xs4m/FD%20Name%20%26%20List.pdf?dl=0