ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား Chevron/Unocal Myanmar Offshore Co.,Ltd. မှ President Mr.Scott L. Neal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း (နေပြည်တော်၊ ၃၀-၄-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား မစ္စတာမစ်ကီဘာ့ချ်မန်း (ဒုတိယဥက္ကဌ၊ The Richardson Center for Global Engagement) ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု Aspen Institute နှင့် The Richardson Center for Global Engagement တို့ ပူးတွဲ ဖွဲ့စည်းထားသော မိတ်ဖက်အခွင့်အလမ်းရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ( ၃၀-၄-၂၀၁၅) ရက်နေ့၊ မွန်းလွဲ ၁၅:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေသည့် မီးဖို (Clean Cook Stove) စျေးကွက် ရရှိနိုင်မှု အခြေအနေနှင့် အစားထိုးလောင်စာ သုံးစွဲမှုနှင့် ကာဗွန်စျေးကွက် ရရှိနိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ထင်းလောင်စာ သုံးစွဲမှုအခြေအနေ၊ ထင်းလောင်စာ သက်သာစေသည့် အေဝမ်းစွမ်းအားမြှင့်မီးဖို သုံးစွဲမှု အခြေအနေ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ စွမ်းအားမြှင့်မီးဖိုတိုးမြှင့်အသုံးချရေးဆောင်ရွက်နေမှုအခြေအနေ၊ ထင်းအစားအခြား လောင်စာတောင့် သုံးစွဲမှု အခြေအနေများကို ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေသည့် မီးဖို (Clean Cook Stove) တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။