အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် အစိုးရ ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများ ၏ ကိန်းဂဏန်း စုစည်းမှု၊ မြေပုံထုတ်လုပ်သည့်စနစ်တွေကို စံပြုထားတဲ့ အမျိုးသားမြေပုံစံစနစ်ဖြစ်မယ့် OneMap Myanmarကိုစတင်အကောင်အထည်ဖော်
အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် အစိုးရ ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများ ၏ ကိန်းဂဏန်း စုစည်းမှု၊ မြေပုံထုတ်လုပ်သည့်စနစ်တွေကို စံပြုထားတဲ့ အမျိုးသားမြေပုံစံ စနစ်ဖြစ်မယ့် OneMap Myanmar ကို စတင် အကောင် အထည်ဖော်ရန် OneMap Myanmar စီမံကိန်း စတင်ခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၅ ရက်နေ့ (ကြာသပတေးနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ OneMap Myanmar စီမံကိန်းအကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ တွင်ပါဝင်သော ဌာန/အဖွဲ့အစည်း (၂၅) ဌာန မှ တာဝန်ရှိသူများ၊ OneMap Myanmar မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Swiss Agency for Development and Cooperation (SDC), Centre for Development and Environment(CDE), University of Bern, Switzerland နှင့် Land Core Group တို့ မှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။
OneMap Myanmar စီမံကိန်းအား Swiss Agency for Development and Cooperation (SDC), Switzerland Embassy မှ ငွေကြေးကူညီ ထောက်ပံ့ မှု၊ Centre for Development and Environment (CDE), University of Bern, Switzerland ၏ နည်းပညာဆိုင်ရာကူညီပံ့ပိုးမှု နှင့် Land Core Group မှ ဒေသခံမိတ်ဖက်အဖွဲ့အစည်း အဖြစ်ဆောင်ရွက်ပေး မည်ဖြစ်ေကြာင်းသတင်းရရှိပါသည်။