၂၀၁၅-၂၀၁၆ ခုနှစ်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များနှင့် ၂၀၁၆-၂၀၁၇ ခုနှစ် သစ်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များညှိနှိုင်းခြင်း အစည်းအဝေး ကျင်းပ (၁၉-၁၀-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ ၁၉-၁၀-၂၀၁၅ ရက်နေ့၊ နံနက် (၁၀:၀၀)တွင် ၂၀၁၅-၂၀၁၆ ခုနှစ် သစ်ထုတ်လုပ် ခြင်းလုပ်ငန်းစဉ်များနှင့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် သစ်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း အစည်းအဝေးအား ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။