မြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အတွက်မဟာဗျူဟာ(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာဒုတိယအကြိမ်အမျိုးသားအဆင့်အလုပ်ရုံနွေးပွဲကျင်းပ
( ၂-၁၁-၂၀၁၅)၊ နေပြည်တော်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂပူးပေါင်းဆောင် ရွက်ရေးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ကုလသမဂ္ဂ အခြေချနေထိုင်မှုအစီအစဉ် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(Myanmar Climate Change Alliance-MCCA Programme)၏ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အတွက်မဟာဗျူဟာ(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာ ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Ms.Isabel Faria de Almeida ၊ ကုလသမဂ္ဂ အခြေချနေထိုင်မှုအစီအစဉ် နိုင်ငံအစီအစဉ်မန်နေဂျာ Mr.Bijay Karmacharya ၊ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Mozharul Alam ၊ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဦးဆောင်ကော်မတီဝင်များနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ သတင်းဌာနများမှ သတင်းရယူသူများ စုစုပေါင်း(၁၀၀)ခန့်တက်ရောက် သည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းအစီအစဉ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးနေအေးက အဖွင့်အမှာစကားပြောကြားပြီး ဥရောပသမဂ္ဂ ပူးပေါင်း ဆောင်ရွက်ရေးဌာန အကြီးအကဲ ၊ ကုလသမဂ္ဂ အခြေချနေထိုင်မှုအစီအစဉ် နိုင်ငံအစီအစဉ်မန်နေဂျာ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ရုံးမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးတို့က အမှာစကားအသီးသီးပြောကြားကြပါသည်။ ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အတွက် မဟာဗျူဟာ(ပထမ မူကြမ်း)အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အကြံပေး အရာရှိ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးမှုသိပ္ပံမှ အကြံပေးအရာရှိခေါင်းဆောင် Dr. Bimal Regmi ကမဟာဗျူဟာပါ အချက်အလက်များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
နေ့လယ်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ မြန်မာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ ကျွမ်းကျင်သူများက မဟာဗျူဟာ အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ်နှင့် စပ်လျဉ်း၍ဆွေးနွေးတင်ပြပြီး အဖွဲ့များခွဲကာ ဆွေးနွေးညှိနှိုင်းကြပါသည်။ ထို့နောက်အဖွဲ့လိုက် ဆွေးနွေးညှိနှိုင်းရရှိချက်များကို ပြန်လည်ရှင်းလင်း တင်ပြကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးညှိနှိုင်းကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တို့မှ တာဝန်ရှိသူများက နိဂုံးချုပ်စကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ညနေ (၁၆:၃၀)နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။