ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် စစ်ဗျူဟာအခြေချ မိုးမိတ်မှတပ်မတော်သားများပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၄-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် စစ်ဗျူဟာအခြေချ မိုးမိတ်မှတပ်မတော်သားများပါဝင် သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နန့်လှိုင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)၊ ခန့်မှန်း မြေပုံညွှန်း KF-(401934, 397935, 394937, 390926) နေရာများတွင် တရားမဝင် ပိတောက်(သစ်/တိုင်) (၂၀၁)လုံး၊ (၂၉.၇၁၂)တန်၊ တုန်ဖုန်းအမျိုးအစား၊ အပြာရောင် (၆)ဘီးယာဉ်(၁)စီးနှင့် ဟီးနိုးအမျိုးအစား အဖြူရောင်(၁၀)ဘီးယာဉ်(၁)စီးအား သိမ်း ဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များ အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။