မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်၊ အုပ်ချု့ပ်ရေးအဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း
(၁၇-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်၊ အုပ်ချု့ပ်ရေးအဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဆည်မြောင်း(တည်ဆောက်ရေး-၃)၊ ရုံးဝန်းအနီးတွင် ယာဉ်အမှတ်(1G/9142) တပ်ဆင်ထားသော SKAT အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား သစ်/တိုင် (၂၁)လုံး၊ (၂.၀၆၉၆)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။