ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အင်းတောမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အုန်းကွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း
(၁၇-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အင်းတောမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အုန်းကွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ အုန်းကွဲကျေး ရွာအုပ်စု၊ ကျောက်ကြီးကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း(KD-819787) နေရာတွင် ယာဉ် အမှတ်(၂က/၇၅၆၆)တပ်ဆင်ထားသော (Dong Feng)အမျိုးအစား (ခေါင်းအပြာ ရောင်)၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား(သစ်/တိုင်)၊ (၃၆)လုံး၊ (၄.၈၈၂)တန်နှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/1%20copy_31.jpg?itok=sPCXLas4)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/2_55.jpg?itok=b8lycGf0)