မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများ၊ သာသနာတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လ.၀.ကနှင့် ငွေတော်ကျီကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း
၂၃-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သာသနာတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လ.၀.ကနှင့် ငွေတော်ကျီကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတောင်ကျီ ကုန်းရပ်ကွက်၊ မင်္ဂလာလမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ ပါရမီဘုန်းကြီးကျောင်းဝင်း အတွင်းတွင် တရားမဝင်(ပိတောက်၊ တမလန်း)ဓားရွေ၊ ခွဲသား၊ ခွဲခြမ်း (၁၅၆)ချောင်း/ ခြမ်း (၁၀.၇၁၆၈)တန်နှင့်အတူ သစ်စက်တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/1_63.jpg?itok=7zKWhjuj)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/8_2.jpg?itok=1NH_H0wG)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/5_15.jpg?itok=xCQPvtGz)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/3_33.jpg?itok=7KrB50-f)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/7_4.jpg?itok=B9DXCxW2)