ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် ခရိုင်မှုခင်း၊ စ. ရ .ဖ တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း
၃.၃.၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် ခရိုင်မှုခင်း၊ စ. ရ .ဖ တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် လားရှိုးမြို့၊ မြို့ရှောင်လမ်း ယာဉ်အမှတ် (YGN-3J/1681) နှင့်ယာဉ်အမှတ် (MDY-6G/5718) တပ်ဆင်ထားသည့် FUSO အမျိုးအစား (၁၂) ဘီးယာဉ် (၂) စီးပေါ်မှ တရားမဝင် တမလန်း(ဓားရွေ/သစ်လုံး)၊ ၉၃(လုံး/တုံး) (၈.၉၂၀၆)တန်နှင့်အတူ တရားခံ(၄) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူမည်ဖြစ်ပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/155.jpg?itok=Duin7uZ1)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/156.jpg?itok=gnVGntZO)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/157.jpg?itok=gD1-oBlr)