“မဲခေါင်သစ်တောများအတွက် ဒေသခံတို့အသံ” စီမံကိန်းဆိုင်ရာ ကနဦးအလုပ်ရုံ ဆွေးနွေးပွဲ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လေ့ကျင့်ပညာပေးရေး ဗဟိုဌာန (RECOFTC- Centre for the People and Forest) ၊ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ယက် (MERN-Myanmar Environmental Restoration Network) နှင့် WWF (World Wildlife Fund) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၉:၃၀) အချိန်တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် “မဲခေါင်သစ်တောများအတွက် ဒေသခံတို့အသံ” စီမံကိန်းဆိုင်ရာ ကနဦးအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် “မဲခေါင်သစ်တောများအတွက် ဒေသခံ တို့အသံ” စီမံကိန်း ဆိုင်ရာရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် မိတ်ဖက်အဖွဲ့အစည်းများ၏ ဆွေးနွေး အကြံပြုချက်များကိုရယူ၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသူများမှ မိမိတို့၏ အတွေ့အကြုံများအပေါ် အခြေခံပြီး ဆွေးနွေးအကြံပြုကြမည်ဖြစ်ပါသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့် အရာရှိကြီးများ၊ EU, MERN, RECOFTC, WWF မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။