ဧရာဝတီမြစ်အတွင်း ထင်းဖောင်များမှ တရားမဝင်သစ်များ ထပ်မံဖမ်းဆီးရမိ

၁၉-၈-၂၀၁၇ ရက်နေ့ဖမ်းဆီးမှုကွင်းဆက်အရကသာခရိုင်၊လက်ထောက်ညွန်ကြားရေးမှူးနှင့်အတူ ဧရာဝတီမြစ် အထက်ဘက်တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာ ၂၅-၈-၂၀၁၇ရက်နေ့တွင် ကချင်ပြည်နယ်အစပ် ကောက်ကွေ့ချောင်းအောက်ဘက်မှ ထင်းဖောင်(၁၀)တွဲတွေ့ရှိပြီ ညောင်ခြေထောက်ဆိပ်ကမ်းသို့ ဖောင်တွဲများဆွဲယူဆိုက်ကပ်ရှာဖွေရာ ၂၆-၈-၂၀၁၇ ရက်နေ့မှ ၂၇-၈-၂၀၁၇ ရက်နေ့အထိ ထင်းဖောင်(၃)ခုမှ တရားမဝင်ကျွန်းသစ်(၁၃၁၆)လုံး(၈၉.၆၉၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီးဆောင်ရွက်လျှက်ရှိပါသည်။