မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်း သစ်မျိုးသန့်ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနားကို (၁၁-၉-၂၀၁၇) ရက်နေ့ ၊ နံနက် (ဝ၉:ဝဝ)နာရီတွင် သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်း သစ်မျိုးသန့်ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနားကို (၁၁-၉-၂၀၁၇) ရက်နေ့ ၊ နံနက် (ဝ၉:ဝဝ)နာရီတွင် သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။မြန်မာနိုင်ငံတွင် သစ်မျိုးကောင်းမျိုးသန့်ပင်များအား ထိန်းသိမ်းခြင်း၊ မျိုးသန့်ပင်များ၏ အစိတ်အပိုင်းများအား ပြန့်ပွားနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အပြင် မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက်များ ဆောင်ရွက်မှုအားနည်းနေသဖြင့် တန်ဘိုးရှိသည့် မျိုးရိုးဗီဇများအား ထိန်းသိမ်းနိုင်ရန် လိုအပ်လျက်ရှိပါသည်။သို့ပါ၍ နိုင်ငံအတွင်းရှိ သဘာဝတောများ အတွင်းရှိ အသွင်အပြင်ကောင်းမွန်သည့် မျိုးပင်များမှမျိုးစေ့များ၊ အပင်၏ အစိတ်အပိုင်းများအား ရွေးချယ်၍ မျိုးပွားစိုက်ပျိုးနိုင်ရန် လက်တွေ့ကွင်းဆင်းဆောင်ရွက်ရမည့် ဝန်ထမ်းများအား အဓိကထား လေ့ကျင့် သင်တန်းပေးဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် ကျွမ်းကျင်သည့် သင်တန်းဆရာများ၊ သစ် မျိုးသန့် မျိုးကောင်းများ မျိုးပွားခြင်း လက်တွေ့လုပ်ငန်းဆောင်ရွက်နေသည့် သုတေသီများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းနှင့် လက်တွေ့လုပ်ငန်းရလာဒ်များ ရရှိလာစေရေးအတွက် မိုးစွေဒေသတွင် သင်တန်းသားများအား မျိုးကောင်း မျိုးသန့်သစ်စေ့များ၊ အပင်၏အစိတ်အပိုင်းများ စုဆောင်းနိုင်မည့် မျိုးသန့်ပင်များအား လက်တွေ့ရွေးချယ် စေခြင်း၊ သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာနေရာများတွင် သဘာဝတော၊ စိုက်ခင်းများမှ မျိုးရိုးဗီဇ ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ပင်များအား ရွေးချယ်စေ၍ နမူနာအစိတ်အပိုင်းများအား စုဆောင်း၍ သစ်တောသုတေသနဌာနသို့ ပေးပို့စေပြီးဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်စေခြင်းဖြင့် မြန်မာ့ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သစ်မျိုးသန့်ပြန့်ပွားခြင်းလုပ်ငန်းများအား လက်တွေ့နယ်ပယ်တွင် ဖြစ်ထွန်းအောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ စ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး သစ်တောအရာရှိကြီးများ၊ သုတေသီများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး(၁၅)ခုမှ တောအုပ်ကြီးအဆင့် သင်တန်းသား(၁၅)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ သစ်အုပ်ကြီးအဆင့်သင်တန်းသား(၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနမှ(၅)ဦး၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်း ကိုယ်စားလှယ် သင်တန်းသား(၅)ဦး စုစုပေါင်း သင်တန်းသား(၃၀)ဦး တက်ရောက်ပြီး သင်တန်းအား(၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။