CMRS

ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CommunityMonitoringandReportingSystem) ***************************************************************************************************************

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုအား နည်းလမ်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိသော်လည်း တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများသည် စဉ်ဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိနေရပါသည်။ တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် ဒေသခံပြည်သူများ၊ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိခြင်းကြောင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူထုတ်လုပ် သယ်ဆောင်ရောင်းဝယ်ခြင်းများကို သိရှိပါက တိုင်းဒေသကြီး/ပြည်နယ်အလိုက် Hot Line ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ သတင်းပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Summary: