ဘက်စုံရေဝေရေလဲဒေသနှင့် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်းမြှင့်တင်ရေး စီမံကိန်းအဆိုပြုလွှာရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၇-၁-၂၀၁၉ ရက်နေ့၊ နေ့လယ် (၁:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Mr. Adrian Barrance (FAO International Consultant)ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ GEF-7 သို့ရန်ပုံငွေလျှော်ထားသော ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) Conservation International (CI) နှင့် Fauna & Flora International (FFI) တို့ပူးပေါင်း၍ အင်းလေးနှင့် အင်းတော်ကြီးကန်တို့တွင် ဆောင်ရွက်မည့် ဘက်စုံရေဝေရေလဲဒေသနှင့် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်းမြှင့်တင်ရေး စီမံကိန်းအဆိုပြုလွှာရေးဆွဲခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

date: 
Thursday, January 17, 2019 - 15:00