နှစ်နိုင်ငံအကြား တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်ဆောင်ရွက်နိုင်မည့် အစီအစဉ် ရှင်းလင်းဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၂-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၁:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား MUNETOSHI Takanori, Executive Director, Housing& Urban Planning Bureau, Japan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ရန်ကုန်မြို့နှင့် ဂျပန်နိုင်ငံ၊ Fukuoka မြို့နှစ်မြို့အကြားဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ နှစ်နိုင်ငံအကြား တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်ဆောင်ရွက်နိုင်မည့် အစီအစဉ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

date: 
Tuesday, January 22, 2019 - 15:15