သစ်တောထိန်းသိမ်းရေးတိုးချဲ့ ပညာပေးအစီအစဉ်များကျင်းပပြုလုပ်

အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်” အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်၏ စတုတ္ထအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့၌ မှော်ဘီမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများမှ မှတ်ပုံတင် စာရင်းရေးသွင်းခြင်းစုဝေးခန်းမတွင် သင်တန်းကျောင်းနှင့် ပတ်သက်သည့် နောက်ခံသမိုင်းနှင့် ဖွင့်လှစ်လျက် ရှိသည့် သင်တန်းများအကြောင်း၊ သစ်တောများအကြောင်း သိကောင်းစရာများနှင့် သစ်တော၏ အရေးပါပုံများအကြောင်းကို ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က ဆွေးနွေး ပြောကြားခြင်း၊အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့်လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC)တည်ထောင်ခြင်း စီမံကိန်းအကြောင်းကို ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က ဆွေးနွေးပြောကြားခြင်း၊သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသခြင်း၊ ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်းပြသခဲ့ပြီး ဆရာ/ ဆရာမများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုး ခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

date: 
Thursday, January 24, 2019 - 10:00