မိုင်းဆတ်မြို.နယ်၊ မိုင်းဆတ်-မိုင်းပျဉ်းသွားကားလမ်း၊ နားလည်ကျေးရွာ၏ အရှေ့မြောက်ဘက်အနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၁၉ ရက်နေ့ (၀၇း၄၅)နာရီတွင် မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ခလရ(၅၂၇) တပ်ရင်းမှ ဗိုလ်မှူး ချစ်ဦးနှင့်အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းပျဉ်းသွားကားလမ်း၊ နားလည်ကျေးရွာ၏အရှေ့မြောက် ဘက်အနီးမှ တရားမဝင် ပိတောက်စကွဲယား (၁၀၅)တုံး (၆)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 14, 2019 - 11:15