ဗန်းမောက်မြို.နယ်၊ မံကပ်ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRSဖြင့် ရရှိသောသတင်း အရ ၁၃-၂-၂၀၁၉ ရက်နေ့၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဗန်းမောက်မြို့နယ်၊ မံကပ်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား (၃၇၆)လုံး/ချောင်း (၆၉.၂၇၂၄) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 15, 2019 - 12:15