ကြီးအုံ-ကြီးဝဆည်ကမ်းစပ်တွင် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းကာကွယ်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၅.၂.၂၀၁၉ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် စေတုတ္တရာမြို့နယ်၊ ကြီးအုံကြီးဝဆည်၏ အနောက်ဘက်ကမ်းအနီး၊ ကြီးအုံကြီးဝဆည်ကမ်းစပ်၌ သိုဝှက်ထားသော တရားမဝင် ပိတောက်ခွဲသား ၉တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 26, 2019 - 12:15