၁၈-၂-၂၀၁၉ ရက်နေ့မှ ၂၄-၂-၂၀၁၉ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုမျာ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၂၀.၇၇၁၉)တန်၊ သစ်မာ(၁၃၈.၅၅၅၈)တန်၊ အခြား (၃၈၈.၂၁၅၇)တန်၊ စုစုပေါင်း(၇၄၇.၅၄၃၄)တန်၊ တရားခံ(၈၂)ဦး၊ ယာဉ်/ယန္တရား(၆၆)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ မိုးလိုဘိနယ်၊ မိုင်းနင်းကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်(၁၇၉)လုံး (၃၆.၉၁) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်

date: 
Wednesday, February 27, 2019 - 09:45