သာပေါင်းမြို့နယ်၊ စိုင်ကြီးကွင်း ငဝန်မြစ်ကမ်းဘေးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၆.၂.၂၀၁၉ ရက်နေ့ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့ နယ်၊ စိုင်ကြီးကွင်း၊ ငဝန်မြစ်ကမ်းဘေးမှ တရားမဝင် တောင်သရက်ခွဲသား (၆၃)ချောင်း (၂၀.၅၇၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 1, 2019 - 13:00