အုန်းချောကျေးရွာပတ်ဝန်းကျင်မှ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးချက် အရ ၂၈.၂.၂၀၁၉နေ့ (၁၅း၃၀)နာရီအချိန်တွင် မန္တလေးတိုင်ဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေး ကျေးရွာအုပ်စု၊ ဆည်တောလေးကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်းမှ တရားမဝင် ကျွန်း/ပိတောက်/ သစ်ယာ/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၇၉၈)ချောင်း (၁၁.၉၇၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ဲပြီး၊ အုန်းချောရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Monday, March 4, 2019 - 10:30