နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီး၊ ဆည်ဘောင်လမ်းပေါ် ရေနီကြိုးဝိုင်းအတွင်း မော်တော်ယာဉ်(၂)စီးနှင့်အတူ တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

၂-၃-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီး၊ ဆည်ဘောင်လမ်းပေါ် ရေနီကြိုးဝိုင်းအကွက်(၅၅)အတွင်း ယာဉ်အမှတ်၊ (MDY 9B/1087) NISSAN (အနက်ရောင်) (၁၀)ဘီးယာဉ်နှင့် ယာဉ်အမှတ်(NPW 5B/1780) NISSAN (၁၀)ဘီးယာဉ်တို့ပေါ်မှ တရားမဝင်သံသေ/ မအူခွဲသား(၈၃)ချောင်း (၁၆.၅၀၆၈)တန်အား တရားခံ(၄)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, March 6, 2019 - 09:45