၂၅-၂-၂၀၁၉ ရက်နေ့မှ ၃-၃-၂၀၁၉ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၈၀.၇၂၂၃)တန်၊ သစ်မာ(၁၆၆.၇၃၃၅)တန်၊ အခြား (၄၅၀.၁၈၉၈)တန်၊ စုစုပေါင်း(၇၉၇.၆၄၅၆)တန်၊ တရားခံ(၇၀)ဦး၊ ယာဉ်/ယန္တရား(၄၈)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် (ပူးတွဲ) ဟိုပုံးမြို့နယ်၊ မြို့မ(၁)ဘိနယ်၊ ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အစပ်၊ ဖာလဲ- မိုင်းပျဉ်း ဒေသမှ တရားမဝင် အခြားသစ်(၁၄၅၇)လုံး (၁၂၅.၄၁၀၂)တန်၊ လုံးပတ် ၃ပေအောက် သစ်မာသစ်(၂၄)လုံး (၂.၀၄)တန်၊ အခြားသစ်(၄၆၁)လုံး (၉၁.၆၂၄)တန်၊ လွှဝိုင်း(၂)ချပ်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, March 6, 2019 - 10:15