ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် တရားမဝင်သစ်များ တင်ဆောင်လာသော ယာဉ်(၂)စီး ဖမ်းဆီးရမိ

၆.၃.၂၀၁၉ရက်နေ့ ၀၂း၁၅နာရီအချိန်တွင် ကံမမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် ၁၈၈/၄ဖာလုံ၏ အရှေ့ဘက်တစ်မိုင်ခွဲခန့် အကွာ ဒေသအခေါ် ပေါက်တောကွင်းနေရာမှ ယာဉ်အမှတ်မပါ Hinoကား ခေါင်းစိမ်း (၆)ဘီးကားပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၄၀)ချောင်း (၃.၁၄၂၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Thursday, March 7, 2019 - 10:00