တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်းတရားမဝင်သစ် များဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၅၃)မှ တပ်မတော်သားများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ၆-၃-၂၀၁၉ ရက်နေ့တွင် တရားမဝင်ကျွန်းသစ်(၄၉၁)လုံး/ချောင်း/ခြမ်း (၈၃.၃၉၈၆)တန်၊ ပျဉ်းကတိုးသစ်လုံး/ခွဲသား (၂၅)တန်ခန့်နှင့် တရားမဝင်သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရာသို့ အမြန်ဆုံးသယ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

date: 
Thursday, March 7, 2019 - 10:15