ဘားအံမြို့နယ် တွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဇာသပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၇-၃-၂၀၁၉)ရက်နေ့ နံနက်(၀၅:၃၀)နာရီအချိန်တွင် ယာဉ်မောင်း စောစိုးနိုင်(ခ)စောစီတူ မောင်းနှင်လာသောအဖြူရောင် Hiace ကား ယာဉ်အမှတ်(2K/4775) ဖြင့်သယ်ဆောင်လာသည့် ကျွန်းခွဲသား ၂၄၈ ချောင်း ၁.ရ၅၄၄ တန် ဖမ်းဆီးရမိခဲ့ပါသဖြင့် ဇာသပြင်ရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြစ်အမှုဖွင့်အရေးယူခဲ့ရာ စခန်းမှ(ပ)၂၁/ ၂၀၁၉ ဖြင့် လက်ခဲ့ဆောင်ရွက်ခဲ့ပါသည်။

date: 
Friday, March 8, 2019 - 13:15