ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကပစ(၁၉)မှ ဗိုလ်ကြီးတင်ဇော်လတ်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ (၁၀-၃-၂၀၁၉)ရက်နေ့တွင် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးလုံး/ခြမ်း/ချောင်း (၇၀၆)လုံး/ခြမ်း/ချောင်း (၉၆.၅၅၁၆)တန်အားဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပြီး နယ်မြေရှင်းလင်းဖမ်းဆီးခြင်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
date:
Tuesday, March 12, 2019 - 13:00