လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းတွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၁၁-၃-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်း၊ မိုင်တိုင်အမှတ်(၁/၄)၊ စက်ယန္တရားများထားရှိသည့် ဝင်းအတွင်းနေရာ၌ ယာဉ်အမှတ် (8I/9279) SUPER CUSTOM (ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၉)ချောင်း (၁.၆၄၇၈)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, March 13, 2019 - 14:30