မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ (၃၅/၀) မှ (၃၅/၁) ကြားမှ တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၀.၃.၂၀၁၉ ရက်နေ့တွင် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင်အမှတ်၊ (၃၅/၀)မှ (၃၅/၁)ကြားမှ တရားမဝင်သစ် ရှာဖွေဖမ်းဆီးရာ ယာဉ်အမှတ်၊ MDY-2B/6256(Nissan Condor CM 88KE၊ မိုးပြာရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၃၅)တုံး (၆.၄၀၆၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ရေနံ့သာရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(ခ)ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 22, 2019 - 15:15