ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဉီးဇော်မင်းနှင့် တာဝန်ရှိသူများအား Fukuoka မြို့တော်ဝန်ရုံးကိုယ်စားလှယ်များမှလာရောက်တွေဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၅-၃-၂၀၁၉ ရက်နေ့ နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဉီးဇော်မင်းနှင့် တာဝန်ရှိသူများအား Fukuoka မြို့တော်ဝန်ရုံး ကိုယ်စားလှယ်များမှ လာရောက်တွေဆုံ၍ Fukuoka မြို့တော်ဝန်ရုံးအဖွဲ့နှင့် သစ်တောဉီးစီးဌာနတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် တိရစ္ဆာန်ရုံများအချင်းချင်း အပြန်အလှန် အကူအညီပေးရေး ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။

date: 
Monday, March 25, 2019 - 13:30