ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်ဘေး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း (၂၁)မိုင်ပေါက် ရေဆိပ်အနီးတွင် တရားမဝင်ပျဉ်းကတိုးခွဲသားများဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၆-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်ဘေး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း(၂၁)မိုင်ပေါက် ရေဆိပ်အနီးနေရာ၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၆၄)ချောင်း (၅.၂၈၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 29, 2019 - 11:45