မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ဆုံရာနယ်နမိတ်တလျှောက်မှ တရားမဝင်ကျွန်း/သပြေသစ်/ခွဲသားများဖမ်းဆီးရမိ

လမ်းညွှန်ချက်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်/ဟားခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ဆုံရာနယ်နမိတ်တလျှောက်ဆောင်ရွက်လျှက်ရှိရာ ၂၇.၃.၂၀၁၉ ရက်နေ့တွင် ကလေးမြို့နယ်၊ နန်းကသဲချောင်းနှင့် မြောင်းချောင်းဆုံရာနေရာ၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်(နန်းကသဲချောင်း)နေရာတို့မှ တရားမဝင်ကျွန်း/သပြေသစ်/ခွဲသား (၈.၀၄၀၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 1, 2019 - 10:30