တမူးမြို့နယ်၊ မြို့မ(၁၄)ရပ်ကွက်အနီး သုံးဘီးဆိုင်ကယ်(၂)စီးနှင့် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၈-၃-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ မြို့မ(၁၄)ရပ်ကွက်အရှေ့တောင်ဘက်(၃)ဖာလုံခန့်အကွာနေရမှ LIFAN သုံးဘီးဆိုင်ကယ်(၂)စီးပေါ်မှ တရားမဝင်ကျွန်ခွဲသား စုစုပေါင်း (၇၆)ချောင်း (၂.၅၁၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 1, 2019 - 10:45