တမူးမြို့နယ်၊ တုံးမနကျေးရွာ၏အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ တောစပ်နေရာမှ တရားမဝင် သစ်များ ဖမ်းဆီးရမိ

၂၉.၃.၂၀၁၉ ရက်နေ့တွင် တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တုံးမနကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ တောစပ်နေရာမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၃၂)ချောင်း (၅.၃၈၂၀)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆော င်ရွက်လျက်ရှိပါသည်။

date: 
Monday, April 1, 2019 - 14:15