ရေးမြို့နယ်၊ ရေတံခွန်တောင်တောလမ်း ဖောက်လုပ်ထားသည့်နေရာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉.၃.၂၀၁၉ ရက်နေ့တွင် သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ရေတံခွန်တောင်တောလမ်း ဖောက်လုပ်ထား သည့်နေရာမှ တရားမဝင် ကောင်းမှုသစ်လုံး/ခွဲသား စုစုပေါင်း(၃၉၄)လုံး/ချောင်း (၃၉.၅၁၄၂)တန်၊ မြေကော်စက်(၁)စီး၊ မော်တော်ယာဉ်(၁)စီး၊ လက်ကိုင်စက်လွှ(၁)လက် တို့အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, April 2, 2019 - 10:15