လှည်းကူးမြို့နယ်၊ ပန်းတောကုန်းကျေးရွာ၊ သုဿာန်အနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂.၄.၂၀၁၉ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ပန်းတောကုန်းကျေးရွာ၊ သုဿာန်အနီးမှ ယာဉ်အမှတ်၊ 4L/7974 (Hino Dutro (၆)ဘီးအဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် သဒီ/ ကောင်းမှုခွဲသား စုစုပေါင်း(၁၆)ချောင်း (၃.၁၂၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 4, 2019 - 10:45