ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်းအတွင်း ယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဆောင်သော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်း (ဒေသအခေါ်) မောင်လုံးကွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၁၂)ချောင်း (၁၂.၁၅၅၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 9, 2019 - 11:30