ကျွန်းလှမြို့နယ်၊ နန်းကြီးကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/သစ်မာသစ်/ခွဲသားများ ဖမ်းဆီးရမိ

၇-၄-၂၀၁၉ ရက်နေ့မှ ၈-၄-၂၀၁၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက် လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ နန်းကြီးကြိုးဝိုင်းအကွက်(၂၂)အတွင်း (နန့်သတ်ရွာ၏အနောက်ဖက် ၂မိုင်ခန့်အကွာ)နေရာ၌ တရားမဝင်ကျွန်းနှင့် သစ်မာသစ်/ခွဲသား(၃၂၀)လုံး/ချောင်း (၂၃.၉၈၂၆)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံးစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 11, 2019 - 11:00